ဘာမှာဦးမှာလဲ : Burmese Jokes

By admin - Last updated: Friday, February 5, 2010 - Save & Share - One Comment

I have received email from my friend and I thought I should share with all my readers. :)

ဘာမှာဦးမှာလဲ

တစ်ခါက အဝေးပြေးလမ်းမတစ်ခုဘေးတွင် ညောင်ညိုရိပ်ဆိုသော လမ်းဆုံးလေးရှိ၏။

ထိုလမ်းဆုံတွင် အဝေးပြေးကားများနားလေ့ ရှိသည်။ စားသောက်ဆိုင်၊ ဓါတ်ဆီဆိုင်၊ လေဖြည့်ဆိုင် စသည့်ဆိုင်

ဆယ်ဆိုင်ခန့် လည်းရှိသည်။ ကားဆရာများ ထိုင်လေ့ရှိသောဆိုင်များတွင်ဦး

သားထူး၏ ဆိုင်လည်းပါ၏။

ဦးသာထူးမှာ အသုတ်စုံ၊ ထမင်းဖြူ နှင် အချိုရည်ဗူး၊ ဘီယာ ဗူးများ ရောင်းသူဖြစ်သည်။

ဦးသာထူးသည် သူ၏ဆိုင် တွင်လိုအပ်သောအရာမှန်သမျှကို ဆိုင်သို့ လာရောက်စားသောက်သော

ကားဆရာများနှင့် မှာလေ့ရှိသည်။ တစ်ရက်တွင် ကားဆရာလေးယောက်ထိုင်ကာ အသုပ်စားနေစဉ်

ဦးသာထူးက-

“ဟေ့ မောင်ကျော် မင်းဘယ်သွားမှာလဲ”

“ကျောက်ပန်းတောင်း ဦးလေးထူး”

“ဒါဆို မင်းအပြန်မှာ ထန်းလျက်ကလေး ၀ယ်ခဲ့ပေးစမ်းပါ”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

“မြမောင်ကကော အတူတူပဲလား”

“ကျွန်တော်က မကွေး”

“မကွေးဆိုရင်တော့ ဆီမှာရမှာပဲ။ ပဲဆီစစ်စစ် လေးနှစ်ပိဿာလောက်ဆွဲ ခဲ့ကွာ။ ငါဒီကျတော့

ဆီဖိုးပေးပါ့မယ်။ ရမလား”

“ရပါတယ်”

“ဦးကရော အတူတူပဲလား”

“မိုးကုတ် ကျောက်မှာဦးမှာလား”

“မမှာနိုင်ပါဘူးဗျာ၊ မျှစ်ချဉ်လောက်ပဲ မှာနိုင်မှာပါ”

သို့ နှယ် တစ်ယောက်တစ်မျိုးမှာနေသောကြောင့် မောင်ဦးမှာ သူ့ ကိုမမှာခင်

အသာထပြီးထွက်သွားရန် ဟန်ပြင်လိုက်သည်။ ထိုအရိပ်အခြေကိုမြင်သော ဦးသာထူးက-

“ဟေ့ မောင်ဦး မင်းက ဘယ်သွားမှာလဲ”

မောင်ဦး သည်လှည့်ကြည့်ကာဖြေလိုက်သောစကားကြောင့် အားလုံးရယ်မိလေသည်။

မောင်ဦး၏အဖြေမှာ-

“အိမ်သာသွားမလို့ ဦးလေးထူး၊ ဘာမှာဦးမလဲ” ဟူသတည်း။

သားနဲ့အမေ ပုံပြင်

သားဖြစ်သူ – အမေသားအရမ်းရုပ်ဆိုးတာပဲနော်
အမေဖြစ်သူ – သားရယ်ဘာမှ အားမငယ်ပါနဲ့
အခု ဒီစာကိုဖတ်နေတဲ့သူက
သားထက်ပိုအရုပ်ဆိုးပါတယ် သားရယ်….

သံသယ

Company တစ်ခုရဲ့ မန်နေဂျာဟာ နဂိုကမှအသံကျယ်ရတဲ့ အထဲဝန်ထမ်းတွေကို အော်ဟစ်ပြောဆိုလေ့ရှိတယ်။

သူဌေးလာတဲ့ အခါမျိုးမှာဆိုပိုပြီးကျယ်ကျယ်လောင်လောင်နဲ့ ပြောဆိုလေ့ ရှိတယ်။ လုပ်ငန်းခွင်ကိုဂရုတစိုက်အုပ်ချုပ်နေတာကို

သိစေချင်လို့ ပေါ့။

တစ်နေ့ သူဌေးရောက်လာတော့ မန်နေဂျာကြီးဟာသူ့ အခန်းထဲမှာအသံကျယ်ကျယ်နဲ့ ဖုန်းပြောနေတယ်

ပြောနေတဲ့ အသံကကျယ်လွန်းတော့ သူဌေးက ၀န်ထမ်းတစ်ယောက်ကိုခေါ်မေးလိုက်တယ်

“မန်နေဂျာကြီးဘယ်သူ့ ကိုစကားပြောနေတာလဲ”

“ရန်ကုန်ရုံးခွဲကို ပြောနေတာပါ မန္တလေးကပို့ လိုက်တဲ့ ပစ္စည်းတွေရောက်မရောက်”

“သူ့ ရုံးခန်းထဲမှာ တယ်လီဖုန်းရှိတယ်မဟုတ်လား”

“ဟုတ်ရှိပါတယ်”

“မန္တလေးနဲ့ ရန်ကုန်ဆိုတာအဝေးကြီးကွ။ ဖုန်းကိုသုံးပါလို့ ပြောလိုက်”

“ခုဖုန်းနဲ့ ပြောနေတာပါ”

“ငါကဒီအတိုင်းပဲအော်ပြောနေတာလားလို့ ”

နောက်တစ်နေရာ

သွားနှုတ်ခံမယ့်လူနာရှေ့ မှာ ဆရာဝန်ကလာရပ်တော့ လူနာက အသံကုန်အော်တယ်

“အား……နာလိုက်တာဆရာ……..အိုး”

“ကျုပ်ခင်ဗျားရဲ့ သွားကိုထိတောင်မထိရသေးဘူး”

“အား..ကျွန်တော်ခြေထောက်ပေါ်တပ်နင်းထားလို့ ”

ဗိုက်ပြဿနာ

ဆရာဝန်။ ။ ခင်ဗျားသိပ်ဝနေတယ် ဂေါက်ဖ်ရိုက်ပါ။

လူနာ။ ။ အဲဒါတော့မဖြစ်နိုင်ဘူးဆရာ။ စမ်းကြည့်ပြီးပြီ ဘောလုံးကိုမြင်ရရင်ရိုက်လို့ မရဘူး။ ရိုက်လို့ ရတဲ့ နေရာ

ရွေ့ ရင်ဘောလုံးကိုမမြင်ရတော့ဘူးဆရာ။

ယုံပါ

လူတစ်ယောက်က သူ့ သူငယ်ချင်းကိုဆေးခန်းလိုက်ပို့ ပြီး ဆေးခန်းမှဆရာဝန်ကို…

“ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ်ဆရာ”

“ဟုတ်လား ဘာတွေလုပ်သလဲ”

“သူ့ ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲတွန်းချတယ်ဆရာ”

“ဘာဖြစ်သွားသေးလဲ”

“မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ”


ပြောရမှာခက်တယ်

မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ်သောကြောင့် ယောက်ျားဖြစ်သူကဆရာဝန်ကို

ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး…..

“လူနာရော”

“အခန်းထဲမှာ”

“ရှင် အပြင်မှာနေနော်”

“ဟုတ်ကဲ့”

ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး

“ကျောက်လှည့်ရှိရင် အမြန်ပေးပါ”

“ဟုတ်”

ယောက်ျားဖြစ်သူကယူပေးလိုက်တယ်။ ဆရာမကြီးက၀င်သွားပြီး

ပြန်ထွက်လာတယ်။

“ပလာယာပါလို ချင်တယ်”

“ဟုတ်”

တစ်မိနစ်လောက်ကြာတော့

“စို့ နဲ့ တူသာပေးပါတော့”

ဒီတော့လူနာရှင်ကစိုးရိမ်ပြီး-

“ဗျာ လူနာရဲ့ အခြအနေကတော်တော်ဆိုးလို့ လား”

“မပြောတတ်သေးဘူးရှင် ဆေးသေတ္တာကိုဖွင့်လို့ မရသေးလို့ ”

မမူးဘူးဆို

အလုပ်ရှင်။ ။ မင်းဘာလို့ မနက်အစောကြီးအရက်သောက်လာရတာလဲ

ဝန်ထမ်း။ ။ မနေ့ ညကသောက်တာပါဆရာ။ ကျွန်တော်အလုပ်လာခါနီးသောက်လာတာမဟုတ်ပါဘူး

အလုပ်ရှင်။ ။ ဘာပဲပြောပြော ခုကို မူးနေတာမဟုတ်လား

ဝန်ထမ်း။ ။ မူးပေမယ့်သတိရှိပါတယ်ဆရာ

အလုပ်ရှင်။ ။ သတိရှိတယ်ဆိုရင် ဘာလို့ လာရတာလဲကွ။ ဒီနေ့ အလုပ်ပိတ်ရက်ဆိုတာသိရမှာ

မကောင်းတာက

အရက်စွဲစွဲ မြဲမြဲသောက်နေတဲ့ လူနာကို ဆရာဝန်က…..

“ခင်ဗျား အရက်သောက်လာတာ ဘယ်လောက်ကြာပြီလဲ”

“နှစ်သုံးဆယ်”

“နှစ်သုံးဆယ်အတွေ့ အကြုံထဲကနေ အရက်ရဲ့ မကောင်းပုံလေး တစ်ခု လောက်

ပြောပြပါလား။စွဲစွဲမြဲမြဲ သောက်နေတဲ့ လူတစ်ယောက်ပြောပြတဲ့ အရက်ရဲ့ မကောင်းတဲ့ အကြောင်း

ကိုသိချင်လို့ ”

အရက်သမားက တော်တော်ကြာကြာစဉ်းစားလိုက်ပြီး

“၀ယ်သောက်ရတာ”

ကိုယ်တွေ့ ကြုံမှ

အရက်ကြောင့်မကြာခဏ ထိပ်ပေါက်ခေါင်းကွဲ ဖြစ် ရောဂါပေါင်းစုံရ

ဆရာဝန်ကဖြတ်ခိုင်းတာကိုပဲရောဂါဖြစ်နေတုန်းခဏနားပြီး ပြန်ပြန်

သောက်နေတဲ့  ကိုပေတလူဟာ တကယ်အရက်ပြတ်သွားတယ်။

ဒီတော့ဆရာဝန်က……

ကိုပေတလူ ခင်ဗျား ကျုပ်ဖြတ်ဖို့ ပြောတုန်းကတော့ အရက်မဖြတ်ပဲနဲ့ 

ခုဘယ်လိုလုပ်အရက်ပြတ်သွားတာလဲ

ကျွန်တော် မူးပြီး ယောက္ခမကြီးကို လေသေနတ်နဲ့ ပစ်မိလို့ ဆရာ

ယောက္ခမကြီးဘာဖြစ်သွားသေးလဲ

ကျွန်တော့ကမူးနေတော့ဘယ်မှန်မလဲဆရာ။ အဲဒါနဲ့ ဖြတ်လိုက်တာပါ။

နှစ်ကြိမ်တည်းပါ

ဆရာဝန်။ ။ ခင်ဗျားအရက်သောက်တာ များတယ်ထင်တယ်ဗျ

လူနာ ။ ။ မများပါဘူးဆရာနှစ်ကြိမ်တည်းပါ။ နေထွက်က နေ၀င်တစ်ကြိမ်၊

နေ၀င်ကနေထွက်တစ်ကြိမ်၊ ပါဆရာ

Posted in BurmeseMTV Jokes • Tags: Top Of Page

One Response to “ဘာမှာဦးမှာလဲ : Burmese Jokes”

Comment from BurmeseMTV
Time February 5, 2010 at 9:57 am

[Please View @] ????????????? : Burmese Jokes http://burmesemtv.com/2010/02/%e1%80%98%...

Reply

Write a comment

CommentLuv badge

Get Adobe Flash playerPlugin by wpburn.com wordpress themes