Archive for 'BurmeseMTV News' Category
ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၁၄
ကျနော်တို့ကန်တော်ကလေးအိမ်ရောက်တဲ့ အချိန်ကစလို့ စတူဒီယိုသွားရင်မလိုက်ရတော့ပါဘူး။ဒါပေမယ့် တချို့သီချင်းတွေက ကျနော်ရန်ကင်းအိမ်မှာနေထဲက ကြားဖူးပြီးသားဗျ။ဥပမာ ချစ်တဲ့ငြိမ်းထဲက ဂန္တဝင်ဆည်းဆာဆိုရင် ကြားဖူးနေတာကြာလှပြီ။ဟိုစီးရီးထဲ ထည့်ရမလို၊ဒီစီးရီးထဲ ထည့်ရမလိုနဲ့နောက်ဆုံး ချစ်တဲ့ငြိမ်းထဲရောက်လာတာ။ကျနော်အမှတ်မမှားဘူးဆိုရင် ၈၉/၉၀ လောက်ထဲကကြားဖူးတာ။အဲဒီသီချင်းက ကျနော်တို့ဘေးအိမ်မှာ အရင်တုံးက ဆံပင်အရှည်ကြီးနဲ့အမကြီးတယောက်ရှိတယ်။သူ့ကို ဦးညီစံကြွေပြီးရေးတာလို့ ပြောတာပဲ။ဟုတ်မဟုတ်တော့မသိဘူး။အဲဒီစီးရီး ထွက်ခါနီး စီးရီး Title မပေးရသေးဘူးဆိုတော့ ကျနော်တောင် အကြံပေးလိုက်သေးတယ်။ဖေကြီး၊ဂန္တဝင်ဆည်းဆာလို့ပေးလိုက်လို့၊ကလေးအတွေးနဲ့။ဟုတ်တယ်လေ၊ကျနော် ကြိုက်တာကိုး။ နောက်ပိုင်းကာလများမှာတော့ ကျနော်ကလဲ ကျောင်းမှန်မှန်တက်စာကျက်နေရတာနဲ့ အဖေနဲ့သိပ်မတွေ့ဖြစ်တော့ပါဘူး။သူတခါတလေ လာတဲ့အခါမျိုးဆိုရင် ကျနော်တို့နှစ်ယောက် လက်ဖက်ရည်ဆိုင်သွားထိုင်ကြတယ်။တရက် သူနဲ့ကျနော် လက်ဖက်ရည်ဆိုင်သွားဖို့ အိမ်ကထွက်လာကြတယ်။ကားလမ်းလဲကူးရော၊လိုင်းကားလာတဲ့အချိန်မှာ ရှေ့တိုးရမလို၊နောက်ဆုတ်ရမလို ဖြစ်နေတုံး လိုင်းကားကကျနော်တို့ဆီကို တည့်တည့်ကြီးဝင်တိုးပါလေရော။လူတွေရဲ့အော်သံတော့ ကြားလိုက်ရတယ်။ကျနော်လဲ လွင့်ထွက်သွားတယ်၊ဘာဖြစ်မှန်းမသိသေးဘူး။ကားကတော့ ဘရိတ်ဆွဲပြီးရပ်သွားပြီ။ကျနော်လဲ လဲနေရာကနေ ထကြည့်တော့ ကျနော့်အဖေက ကားရှေ့မှာထိုင်ရက်ကလေး။အဲဒါနဲ့ ကျနော်လူးလဲထပြီး အဖေ့ဆီပြေးသွားတာပေါ့။ကံကောင်းလို့ဗျာ၊သူလဲဘာမှမဖြစ်ဘူး။သူ့ခြေထောက်တဖက်ကတော့ ပေါင်ရင်းကနေစပြီး စုတ်ပြတ်သတ်နေတာပဲ။ဘေးနားကလူတွေ ပြန်ပြောပြတော့ လိုင်းကားရှေ့ရောက်ပြီး အတိုက်ခံရတော့မယ့်ကျနော့်ကို [...]
ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၁၃
ကျနော့်အမေက ခေါ်သွားတာကို ကျနော့်အဖေ ညဘက် စတူဒီယိုကပြန်ရောက်လာမှသိရပါတယ်။သိသိချင်း သူလဲ ဘယ်နေလိမ့်မလဲ။ကျနော်တို့ရောက်နေတဲ့ မြို့ထဲအိမ်ကိုချက်ချင်းလိုက်လာပါတော့တယ်။လိုက်လာပြီးတော့ ကျနော့်ကို သူနဲ့ပြန်ထည့်ပေးဖို့ ကျနော့်အမေကိုပြောပါတယ်။အချိန်ကတော့ ညကိုးနာရီလောက်ကြီး ရှိပြီထင်တယ်။ကျနော့်အမေကလဲ ကလေးဖျားနေတယ်တဲ့၊နင့်အိမ်ရောက်ရင် ဘယ်သူကြည့်မှာလဲဆိုပြီး လုံးဝမထည့်ပေးပါဘူး။ကျနော်ကတော့ အိပ်ရာပေါ်မှာ အဖျားတက်ပြီး အိပ်ပျော်နေပြီ။အဲဒါနဲ့ နောက်ဆုံးကျတော့ ကျနော့်အဖေ လက်လျှော့ပြီး အိမ်ပြန်သွားပါတော့တယ်။ တရက်၊နှစ်ရက်လောက်နေတော့ ကျနော်အဖျား နည်းနည်းကျတဲ့အချိန်မှာ ကျနော်အမေဘက်ကအဖွားက ကလေးတွေကို ဒီတိုင်းထားရင် ပျက်စီးလိမ့်မယ်ဆိုပြီး သူနဲ့အတူ ကျနော်တို့ မောင်နှမနှစ်ယောက်ကို သူ့အလုပ်ရှိရာ ပျော်ဘွယ်ကိုခေါ်သွားပါတော့တယ်။အဖွားက အဲဒီတုံးက ပျော်ဘွယ်မှာ Cambridge University က Dr.Stevenson နဲ့ လူဝင်စားသုတေသနလား မသိဘူး၊လုပ်နေတာ။ကျနော်တို့ မောင်နှမနှစ်ယောက် နယ်မှာကျောင်းစတက်ရတယ်။နယ်ကျောင်းက ကလေးတွေက နည်းနည်းရိုင်းတယ်ဗျ။ကျောင်းသားသစ်ဆိုတော့ အနိုင်ကျင့်ချင်တယ်။ ကျနော်တို့ မောင်နှမနှစ်ယောက် ကျောင်းစတက်ပြီး နှစ်ပတ်အကြာမှာပဲ ကျနော်တို့အဖွားဆုံးပါတယ်။Asthma [...]
ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၁၂
ဦးညီသွင်နဲ့ သွားတွေ့တော့ ဦးညီသွင်ကသူသိတဲ့ ကျနော့်အဖေအကြောင်းကိုဒီလိုပြောပါတယ်။မင်းအဖေနဲ့ ငါနဲ့ ချစ်လူမိုက်စီးရီး အတွက် ရီကောဒင်း ဆက်ရှင်တခုပြီးလို့ညဘက်ကြီးမေစတူဒီယိုကနေ ပြန်လာတာပေါ့ကွာတဲ့။အဲဒီတုံးက ရွှေဂုံတိုင် ထိပ်မှာညလုံးပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင် အကြီးကြီးတဆိုင်ရှိတယ်တဲ့။ပေါက်တဲ့သီချင်းတွေ အများဆုံးဖွင့်တယ်တဲ့။အဲဒါနဲ့ ဆိုသူတို့လဲချစ်လူမိုက်အခွေကြမ်းလေး ပါလာတော့ပြန်နားထောင်ကြည့်ချင်လို့ ဆိုင်ကိုဖွင့်ပေးပါဆိုတော့ ဖွင့်ပေးပါတယ်တဲ့။အဲဒီအချိန်မှာ ချစ်လူမိုက် ချစ်လို့မိုက်ခဲ့တယ်ဆိုပြီး ဆောင်းဘောက်က အသံထွက်လာတော့ ဘေးဝိုင်းက ပြသနာရှာပါတယ်တဲ့။ဘာတွေဖွင့်နေတာလဲ၊တခါမှမကြားဘူးတဲ့ဟာတွေ ဆိုပြီး။အဲဒါနဲ့ သူတို့လဲ အခွေကြမ်းလေးသိမ်းပြီး အိမ်ပြန်ရတာပေါ့နော်။ဟုတ်ကဲ့၊မအောင်မြင်သေးခင်က ဘဝပါ။ နောက်လွိုင်ကော်မှာ ရှိုးပွဲတခု ဦးညီသွင်ကို အကူအညီလာတောင်းလို့ စီစဉ်ပေးရပါတယ် တဲ့။ကျနော့်အဖေနဲ့ အတူ အခြားအဆိုတော်တွေလဲ အများကြီးပါတဲ့။ပြသနာကဘာလဲ ဆိုတော့ လွိုင်ကော်က အဲဒီတုံးက အညိုရောင် နယ်မြေဆိုပဲ။ပွဲဆိုလို့ နတ်ပွဲတောင်မဖြစ်တာ ကိုးနှစ်လောက်ရှိပြီ ဆိုတဲ့အချိန်မှာ အဲဒီရှိုးပွဲလုပ်ဖြစ်သွားတာပါ။အဆိုတော်တွေ အကုန်လုံး BM ကားကြီးနဲ့ လွိုင်ကော်ကိုတက်ကြပါတယ်။ရှိုးဆိုနေတဲ့ အချိန်မှာတောင် လက်နက်ကြီး [...]
ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၁၁
နောက်စီးရီး သွင်းနေဆဲကာလမှာပဲ ကျနော်တို့မောင်နှမနှစ်ယောက်နဲ့ အဖေနဲ့ ခဏခွဲရဖို့ ဖြစ်လာပါတယ်။နွေရာသီ ကျောင်းပိတ်ရက်ကာလ ဆိုတော့ ကျနော်တို့ကို အမေဘက်က အဒေါ်ငယ်က တောင်ကြီးကိုခေါ်သွားပါတယ်။တောင်ကြီးမှာ ၁လလောက်ကြာမယ် ထင်တယ်။ကျနော့်အဖေက ကျနော်တို့ကို သူအလုပ်အားတိုင်း ဖုန်းဆက်ပါတယ်။ပြီးတော့ စာလေးတစောင်လဲ ပို့လိုက်တယ်ဗျ။စာထဲမှာဘာရေးထားလဲ ဆိုတော့ ဖိုးဒေဝ၊ဖေကြီးဂျာကင်ဝယ်ပေးလိုက်တယ်။သားလိုချင်တဲ့ စက်ဘီးလဲဝယ်ပေးမယ်။ဖေကြီး သားတို့ဆီကို လာတဲ့အခါကျရင် သားစက်ဘီးရမှာပေါ့။ဖေကြီး သားတို့ကိုအမြဲတမ်း သတိရပါတယ်။အဲဒီမှာလိမ်လိမ်မာမာ နေပါ။ဦးအောင်ဇော်နုကိုလဲ ပြောပြပါ။ဖေကြီး သားတို့ကို လာခေါ်မှာပါလို့။ဖေကြီးရယ် သားရယ် ညီမလေးရယ် နေကြမယ်လေ။သား ကြိုက်တယ်မဟုတ်လား။ညီမလေး ကိုလည်း ဂရုစိုက်ပါ။သင်္ကြန် ပြီးရင်ဖေကြီးလာခဲ့မယ်။နေကောင်းအောင် ဂရုစိုက်ပါ။ဖေကြီး ဆက်ဆက်လာခဲ့မယ်။ဖေကြီး။ အဲလိုရေးထားပါတယ်။အဲဒီစာ မူရင်းကျနော့်ဆီမှာ အခုထိရှိသေးတယ်ဗျ။ သင်္ကြန်မပြီးခင် သူ့ကတိအတိုင်း ကျနော့်ကို စက်ဘီးတစီးလာပို့ပေးသွားပါတယ်။ရှိုးလာဆိုတာနဲ့တူတယ်။ကျနော့်ကိုစက်ဘီးလာပို့ပေးပြီး ခဏနေတော့ပြန်သွားတယ်။သင်္ကြန်ပြီးတော့ ကျနော်တို့မောင်နှမနှစ်ယောက် အဖေရှိရာဆီပြန်ကြပါတယ်။ရန်ကင်းအိမ်မှာ ထုံးစံအတိုင်းပြန်နေကြတာပေါ့။ ရန်ကင်းအိမ်မှာ အဲဒီအချိန်တုံးက [...]
ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၁၀
ကျနော့်အဖေက ဗွီဒီယို/ရုပ်ရှင် ကြည့်ရခြင်း ကိုလဲ နှစ်သက်ပါတယ်။တခါတလေ ကျနော်တို့အိမ်မှာ အောက်စက်ငှါးပြီး အခွေတွေကြည့်ကြတယ်။ခြောက်ကားပေါင်း မိုးအလင်းပေါ့။အဲဒီတုံးက ခေတ်စားတဲ့ Cobra တို့၊Top Gun တို့၊ပြီးတော့ အာနိုး Preadator လားမသိဘူး။အိမ်မှာ အဖြူအမည်း ကျနော် ဂိမ်းဆော့ တဲ့ TV တလုံးပဲရှိပါတယ်။အဲဒါနဲ့ပဲ မိုးလင်းပေါက် VHS စက်ကြီးနဲ့၊အခွေတွေထိုင်ကြည့်ကြပါတယ်။မြန်မာကားတွေတော့ မကြည့်ဖြစ်ဘူးဗျ။ မောင့်မျက်ရည်ဝိုင်းစီးရီး စသွင်းတော့ ပရိုဂျူဆာ မန္တလေးဦးနေဝင်း အိမ်လိုက်လာတယ်။ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကျနော်တို့သားအဖတတွေကို ကြည့်ပြီးအံ့ဩသွားပုံရတယ်။ကျနော်ကလဲ ဆံပင်အရှည်ကြီးနဲ့၊လက်သည်းတွေကလဲ အရှည်ကြီး။ကျနော်မွေးထားတဲ့ တိရစ္ဆာန် တွေကြားထဲမှာ။ညီမလေးကလဲ အိုဗာတင်း အမှုန့်တွေ ဒီတိုင်းထိုင်စားနေတယ်။ကျနော့်အဖေက လဲတလလောက် မလျှော်ရသေးတဲ့ဂျင်းဂျာကင်ကြီးကို ဝတ်ပြီးပုဆိုး အပေါက်ကြီးနဲ့။အနေစုတ်ပေမယ့် အထင်တော့မသေးနဲ့ဗျ။ကျနော့်အဖေက ဆံပင်ညှပ်ရင် အင်းလျားလိတ်မှာပဲ ညှပ်တယ်။မန္တလေးဦးနေဝင်းကို ပရိုဂျူဆာမို့လို့ ဒုက္ခပေးတာလားတော့မသိဘူး။သူ ဆံပင်ညှပ်ချင်ရင် ဦးနေဝင်းအမြဲတမ်း [...]
ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၉
ပထမအစမ်းစာမေးပွဲကျတော့ ကျနော့်အဖေက ကျနော်ကိုဘာမှမပြောပါဘူး။ဆူပူခြင်းလဲ မရှိဘူး။ခါတိုင်းလဲ ရီပို့ကဒ်ကို ကျနော်က သူ့ကိုပြတယ်ဆိုရုံပဲ ပြပြီးတော့ လက်မှတ်ကတော့ကျနော်ပဲ အဆင်ပြေသလို ထိုးလိုက်တာပါ။စကားတခွန်းတော့ ပြောတယ်ဗျ။မင်းဘာလုပ်ရမလဲ မင်းသိတယ်မဟုတ်လားတဲ့။ကျနော်ကလဲ ဟုတ်ကဲ့ပေါ့။ပြီးတော့ မုန့်ဖိုး၉၀တန်တရွက်တောင်းပြီး ထွက်လာလိုက်တာပါပဲ။တခုကံကောင်းတာက ကျနော်တို့အတန်းပိုင်ဆရာမက အိမ်ရှေ့မှာ နေတာဆိုတော့ ကျနော်တို့ အကြောင်းကိုသိနေတယ်။ဒေဝ၊မင်း ပြန်ဖြေမလား ဆိုတော့ ဟုတ်ကဲ့၊ပြန်ဖြေပါ့မယ်ပေါ့။အတန်းနောက်မှာ ကျနော်တယောက်ထဲ ပြန်ဖြေရပါတယ်။ဖြေပြီးလို့ ဆရာမကချက်ချင်းအမှတ်စစ်ပေးတော့ ထပ်ကျပါတယ် ခင်ဗျား။ကျမှာပေါ့၊စာတလုံး မှသိမှမသိတာ။ထပ်ကျတော့ ဆရာမလဲဘာမှမတတ်နိုင်တော့ပါဘူး။ကျတဲ့ အတိုင်းပဲတင်ပေးလိုက်ရပါတော့တယ်။အိမ်ရောက်တော့ ကိုမိုးကကျနော့်ကို မောင်းပါတော့တယ်။စတူဒီယိုလိုက်လဲ ကျနော်စာအုပ်တအုပ်နဲ့ စာကျက်ရပါတော့တယ်။ အဲဒီအချိန်မှာကျနော့်အဖေက ဦးခိုင်ထူးနဲ့ တယောက်တခြမ်းစီးရီးသွင်းနေတာဗျ။ထားရစ်ခက်၊နေခဲ့တော့မယ် ဆိုတဲ့စီးရီး။အဲဒီစီးရီးက လူသိပ်မသိလိုက်ဘူးနဲ့တူတယ်။အဲဒီစီးရီးမှာ ဦးသန်းလွင်မဟုတ်တဲ့ ပရိုဂျူဆာနောက်တယောက်ကို ပထမဦးဆုံး စပြီးမြင်ဖူးခြင်း ပါပဲ။ကိုကြည်မင်းသိန်း တဲ့။သရဖီတေးသံသွင်းက။ဒီစီးရီးနဲ့ ပတ်သက်ပြီးမှတ်မှတ်ရရရှိတာတော့ အဲဒီစီးရီးစသွင်းတော့မှ electric drum ဆိုတာကိုစပြီးမြင်ဖူးတာဗျ။သူက ဒီတိုင်းတီးရင် အသံမထွက်ဘူး။ပလပ်ထိုး [...]
ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၈
ကျနော့်အဖေက သီချင်းရေးရင် စတူဒီယိုမှာပဲ ရေးလေ့ရှိတယ်ဗျ။တချို့ သီချင်းတွေ၊ဦးညီသွင်၊ဦးညီစံ တို့နဲ့ရေးတာမျိုး ဆိုရင်တော့ အိမ်မှာအကြမ်းပဲ ရေးပြီးတော့ စတူဒီယိုရောက်မှ အချောပြန်ရေးတတ်တယ်။စတူဒီယိုမှာကျတော့ တူရိယာပိုစုံလို့လားတော့မသိဘူး။တူရိယာ တော်တော်များများတော့ သူတီးတတ်တယ်။တခါတလေကျရင် စတူဒီယိုရောက်မှ စန္ဒရားနဲ့ သံစဉ်ရှာတယ်။ဂစ်တာကတော့ သူအပိုင်နိုင်ဆုံးပေါ့။စတူဒီယိုရောက်ရင် electric ဂစ်တာတလုံးနဲ့ အမြဲတမ်း effect တွေစမ်းနေတတ်တယ်။သူအင်တာဗျူးတခု ထဲမှာဖြေထားတာတော့ ဆရာမြို့မငြိမ်းကို အရမ်းအားကျတယ်တဲ့။ဆရာမြို့မငြိမ်းကို အားကျလို့ ဆရာမြို့မငြိမ်းစတိုင် ဖမ်းတာလားတော့မသိဘူး။တခါတလေ ညသန်းခေါင်ကျော်မှ ရန်ကင်းထဲ လမ်းလျှောက်ထွက်တတ်တယ်။လူသံတိတ်ဆိတ်တဲ့ ရန်ကင်းလမ်းမကြီးပေါ်မှာ သီချင်းလေး၊စာသားလေး ရေးဖို့စဉ်းစားနေတယ်ပေါ့ဗျာ။သူစဉ်းစားတာက အကြောင်းမဟုတ်ဘူး။ညဘက်ကြီး ဆိုတော့ ကျနော်တို့က စိတ်မချဘူး။အနောက်က တယောက်ယောက်အမြဲတမ်းလိုက်ရတယ်။ကိုမိုး နိုးနေရင်ကိုမိုးလိုက်တယ်။ကျနော် နိုးနေရင် ကျနော်လိုက်တယ်။ ရန်ကင်းထဲလမ်းလျှောက်ထွက်ရင်းနဲ့ အစုံတွေ့ဘူးပါ့ဗျာ။မူးယစ်ဆေးဝါး သုံးစွဲသူ၊ရည်းစားနဲ့ချိန်းတွေ့သူ၊လူငယ်တွေ စုတီးတဲ့ ဂစ်တာဝိုင်း အစရှိသဖြင့်ပေါ့။တခုထူးဆန်းတာက အဲဒီလူတွေက ကျနော်တို့ကို အဝေးကမြင်ရင် သူတို့လုပ်နေတာတွေတန့်သွားပေမယ့် ကျနော်တို့အနားရောက်လာရင်တော့ [...]
ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၇
ဘာဖြစ်လို့ ၄လုံးတန်းအိမ်မှာပြန်ပြောင်းနေဖို့ ဖြစ်လာလဲဆိုတော့ အိမ်ကိုညီမလေးပြန်ရောက်လာလို့ပါ။အမေက အဲဒီတုံးက စီးပွါးရေးကိစ္စတွေနဲ့ ခရီးခဏ၊ခဏ သွားရတယ်ဆိုတော့ ညီမလေးကို မကြည့်နိုင်တော့ပါဘူး။ကျနော်တို့ သားအဖသုံးယောက် ၄လုံးတန်းအိမ်မှာ ပြန်နေကြပါတယ်။အဖေ ကလည်းကျနော်တို့နဲ့နေရတာ ပိုပျော်တယ်ထင်ပါတယ်။ဒီတခါတော့ အဖွားအိမ်မှာသွားမနေခိုင်းတော့ဘူး။ တရက်ကျတော့ ကျနော်စတူဒီယိုမှာ အသံသွင်းတာလိုက်ရဖို့ ဖြစ်လာပါတယ်။ကျနော် ကျောင်းကပြန်လာတော့ တအိမ်လုံး သော့ခတ်ထားပြီးတော့ ဘယ်သူမှ မရှိဘူး။အဲဒါနဲ့ ကျနော်လဲ ရန်ကင်းတခုလုံး ပတ်ပြီး ဆော့တာပေါ့။မောပြီး ပြန်ရောက်လာတော့ ညရှစ်နှာရီလောက်ရှိပြီ။အိမ်ကလဲ သော့ခတ်ထားတုံးပဲ။ဗိုက်ကလဲဆာနေပြီ။ဘာလုပ်ရမှန်း မသိဘူး။အဲဒါနဲ့ လမ်းထဲကလူတွေကို လိုက်မေးတော့ အပြင်ထွက်သွားတာတော့ တွေ့လိုက်တယ်တဲ့၊ဘယ်သွားမှန်း မသိဘူးတဲ့။ကျနော်လဲ လမ်းထိပ်က ဖုန်းဆက်တဲ့ အိမ်ကနေ စတူဒီယိုတွေကို ဖုန်းဆက်ပြီးလိုက်မေးတာပေါ့။မေ စတူဒီယိုနဲ့ လင်းစတူဒီယို ဖုန်းနံပါတ် ကျနော့်ဆီမှာ ရှိတယ်။စတူဒီယို နှစ်ခုစလုံးမှာ ကျနော်အဖေမရှိဘူး။ဒါနဲ့ ကျနော်လဲအိမ်ပြန်လာပြီး အိမ်ရှေ့မှာ ပဲ ထိုင်စောင့်နေလိုက်တယ်။ည [...]
ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၆
ဒီလိုနဲ့ ကျောင်းတွေပြန်ဖွင့်တော့ ကျနော်လဲကျောင်းပြန်တက်ရပြီ။ကျောင်းတက်ရပြီဆိုတော့ ကျနော်အဖေက သူနဲ့နေရင်စာမလုပ်မှာ စိုးလို့နဲ့တူပါတယ်။ကျနော်ကို ၁၂လုံးတန်းက အဖွားအိမ် ပြန်ပို့လိုက်တယ်။ကျနော်ကတော့ ဘယ်နေချင်မလဲဗျာ။အဖေနဲ့ပဲ နေချင်တာပေါ့၊ဒါပေမယ့် သူက၁၂လုံးတန်း မှာ သွားနေဆိုတော့လဲ ကျနော်ဘာမှမပြောပါဘူး၊ကျနော့် အဝတ်အစားတွေ ထည့်ထားတဲ့ ကြိမ်ခြင်း ကို ကိုမိုးက ဆွဲပြီးလိုက်ပို့ပေးတယ်။အဖွားအိမ်မှာတော့ အချိန်မှန်အိပ်၊အချိန်မှန်စားပြီး အချိန်မှန်စာကျက်ရတယ် ပေါ့။စနေ၊တနင်္ဂနွေ ဆိုရင်တော့ အဖွားက ၄လုံးတန်း ကိုလိုက်ပို့ပေးတယ်။တခါတလေ ကျနော်အဖေကြားရက်တွေမှာ အဖွားအိမ်မှာလာအိပ်တာ မျိုးလဲရှိတယ်။ ပိတ်ရက်တွေမှာ ကျနော်လာပြီဆိုရင်တော့ ကျနော်တို့သားအဖနှစ်ယောက် လျှောက်သွားကြပါတယ်။ညီမလေးဆီ သွားတဲ့အခါလဲသွားတယ်၊သူရှိုးရှိရင်လဲ ကျနော်ကိုခေါ်သွားတယ်။တခါ မှတ်မိသေးတယ်၊ကျနော်တို့ သားအဖနှစ်ယောက် မြို့ထဲကနာမည်ကြီး စတိုးဆိုင်တခုမှာ အရုပ်သွားဝယ်ကြတယ်။ကျနော့်အဖေ ကထူးထူးဆန်းဆန်း အရုပ်ဆို သိပ်သဘောကျတာဗျ။ဘယ်လောက်ဈေးကြီးကြီး၊ဘေးလူက ဘယ်လောက်ပဲတားတား ကျနော်ကလဲ သဘောကျတယ်၊အရုပ်ကလဲ ထူးထူးဆန်းဆန်းဆိုဝယ်ပေးတယ်။ဘေးက သူ့ သူငယ်ချင်းတွေကပြောတာပေါ့၊ဟာ၊ကိုပို ဒီလောက်ဈေးကြီးတာကြီးဝယ်ပေးတယ်။ပြီးတော့ ပျက်မှာပဲဆိုတော့၊ဈေးကြီးတာ အရေးမကြီးဘူးတဲ့၊ငါ့ [...]