Archive for 'BurmeseMTV News' Category

ကျနော်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၅

By Daiwa - Last updated: Wednesday, November 23, 2011

( ချစ်လူမိုက်စီးရီး မထွက်ခင်က ကျနော်အဖေနဲ့ ရီရီထွန်း (ပညာရေး) နဲ့ အင်တာဗျူးထားတာ ဖြစ်ပါတယ်။ချစ်လူမိုက် စီးရီးနဲ့ပတ်သက်တာပဲ တင်ပေးလိုက်ပါတယ်။ရုပ်ရှင်အောင်လံမဂ္ဂဇင်းမှာပါတာ ဖြစ်ပါတယ်။)   ချစ်လူမိုက် (နိုင်မြန်မာ၊အောင်ခိုင်မော်၊ဖိုးရှမ်း၊စိုးလွင်လွင်)   ငယ်သူမို့ ကျွန်တော်ရေးတတ်စ ငယ်ငယ်တုံးက ကလေးတုံးက ၉တန်း၊၁၀တန်း လောက်တုန်းက ကျွန်တော်ရဲ့ငယ်ချစ်အတွက် ကျွန်တော်ခံစားပြီးရေးတယ်။အသက်က ၁၆နှစ် ပတ်ဝန်းကျင်မှာ အမှားအမှန်ဆိုတာ ဘာကိုမှ မချင့်ချိန်ခဲ့တဲ့အတွက် ကျွန်တော်တို့နှစ်ယောက် ဝေးခဲ့ရတယ်။ဒါပေမယ့် ရင်မှာအမြဲတမ်းရှိနေမယ်။သူ့အတွက် ဘယ်တော့မှမေ့မရတဲ့အတွက် သည်သီချင်းကိုရေးပါတယ်။ဘယ်တော့မှ မေ့မရတဲ့ ငယ်ချစ်ဆိုတာ လူတိုင်းမှာရှိကြမယ်လို့ ကျွန်တော်ယုံကြည်တယ်။အမ ရီရီထွန်းမှာကော ရှိမယ်မဟုတ်လား။(ကန်တော့နော်)အမ ငယ်ချစ်ရှိခဲ့ဖူးတဲ့ ယောကျာ်းလေး၊မိန်းကလေးတိုင်း အတွက် ရည်ရွယ်ပြီး ကျွန်တော်ရေးတယ်။အားလုံး ခံစားတတ်မယ်လို့ ယုံကြည်တယ်။   မင်းရဲ့ငါ မေဆွိ ဆိုဖို့ရည်ရွယ်ပြီး ကျွန်တော်ရေးတယ်။ဒါပေမယ့် သူ့ကိုမပေးဖြစ်ခဲ့ဘူး။ဒီသီချင်းက ယောကျာ်းလေးရော၊မိန်းကလေးရော ဆိုလို့ရတဲ့သီချင်းမျိုး [...]

ကျနော်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၎

By Daiwa - Last updated: Wednesday, November 23, 2011

  ( ကျနော်ရေးနေရင်းနဲ့ ကျနော်အဖေရဲ့ တတိယစီးရီး အကြောင်းကျန်သွားပါတယ်။စီးရီးအမည်က သူရဲကောင်းတို့ရဲ့နှလုံးသား ဖြစ်ပြီးတော့ စံပါယ်ဦးတေးသံသွင်းက စထုတ်ပါတယ်။၁၉၈၇ လောက် ဖြစ်မယ်ထင်ပါတယ်။ချစ်လူမိုက်စီးရီး ကို စံပယ်ဦး ဦးသန်းလွင်က ပရိုဂျူဆာ လုပ်ပြီးတော့ ဖြန့်ချီရေးက ရာမတေးသံသွင်း ပါ။လူတယောက်အကြောင်း ရေးရတာ တာဝန်ကြီးပါတယ်။ကျနော်အဖေ ဖြစ်လို့ ပိုပြီး တာဝန်ကြီးပါတယ်။ကျနော်ရဲ့ မှတ်ဉာဏ်ချို့ယွင်းမှုအတွက် တောင်းပန်ရင်း။ )   ကျွန်တော်မသိတဲ့ကျွန်တော်စီးရီး သွင်းနေတဲ့ တချိန်လုံးမှာ ကျနော် အဖေနဲ့အတူ ရှိနေပါတယ်။ရှိုးပွဲ ရှိရင်လဲ ခေါ်သွားတယ်။အဲဒီတုံးက လွတ်လပ်ရေးနေ့ဆို မြင်းပြိုင်ကွင်းမှာ ရှိုးပွဲအကြီးကြီးလုပ်တယ်။အန်တီ ချိုပြုံးတို့လဲ လာဆိုကြတယ်၊လူကြီးမင်းများလက်ခုပ်တီးကြပါဆိုတာတော့မှတ်မိတယ်။အဲဒီရှိုးပွဲမှာ ကျနော်အဖေ ဒုက္ခအကြီးကြီး ရောက်တာပေါ့။သူက သီချင်းဆိုရင် ဂစ်တာတီးတယ်။တီးနေရင်းနဲ့ ကြိုးတချောင်းပြတ်သွားတော့၊စင်ပေါ်မှာဆိုတော့ သူလဲဟန်မပျက်ဆက်တီး၊ဆက်ဆိုနေပါသေးတယ်။ဟန်မပျက် တီးနေရင်းနဲ့ နောက်ကြိုးတချောင်း ထပ်ပြတ်တော့၊သူလဲဘာလုပ်ရမှန်းမသိတော့ဘူး။အဲဒါနဲ့ နှစ်ခေါက်ဆိုရမယ့် အပိုဒ်ကို တခေါက်ပဲဆိုပြီး [...]

ကျနော်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၃

By Daiwa - Last updated: Tuesday, November 22, 2011

အရေးအခင်းကြီးရဲ့ အရှိန်အမြင့်ဆုံး ကာလတွေမှာတော့ ကျနော်အဖေ ဘယ်ကိုမှမသွားတော့ပါဘူး။ စစ်တပ်ကလည်း ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းနေပါပြီ။ညမထွက်ရအမိန့် လဲထုတ်လိုက်ပြီ။ကာဖြူး ဆိုတာအဲဒီတော့မှ ကျနော်စကြားဖူးတာပါ။တောင်ဥက္ကလာမြို့နယ်က ဆန္ဒပြသူတွေက စစ်ကားတွေ သူတို့ဘက်ရောက်လာလို့တဲ့၊ရန်ကင်းက လမ်းမကြီးတွေကိုပိတ်ပေးပါလို့ တောင်းဆိုလာပါတယ်။အရပ်ထဲက လူကြီးတွေလဲ သစ်ပင်ကြီးတွေခုတ်လှဲပြီး၊လမ်းမကြီးတွေကို ပိတ်ပေးလိုက်ပါတယ်။ရန်ကုန်မြို့လဲ စစ်တလင်းပြင်လိုပါပဲ။ညဘက်ဆို ဘာသံမှကို မကြားရအောင် တိတ်ဆိတ်ခြောက်ကပ်လို့နေတယ်။ရပ်ကွက်ထဲမှာတော့ ညနေခြောက်နာရီကျော်ပြီဆိုတာနဲ့ သံပုံးတွေ ဆူညံနေအောင်တီးကြတယ်။မကောင်းဆိုးဝါးတွေ မလာနိုင်အောင် တောခြောက်တာတဲ့။ကျနော် ကတော့ တဖက်လှည့်နဲ့အာဏာဖီဆန်တာလို့ မြင်ပါတယ်။ကောလဟာလတွေ ကလည်းအမျိုးမျိုး၊ပိုက်လုံးကြီးထဲကို အဆိပ်ခတ်သွားလို့ဆိုပြီးလမ်းပေါ်က အော်သွားပါတယ်။အရေးအခင်းကာလမှာ ကျနော်အဖေ ဝင်ငွေလုံးဝမရှိ ပါဘူး။ကျနော်တို့ စားဖို့ ဆိုပြီးအဖွားက ဆန်၂အိတ် လာပို့ပေးသွားတယ်။အဲဒါနဲ့ပဲ အရေးအခင်းကာလမှာ ဖြစ်သလို လှည့်ပတ်ပြီး နေကြရတာပါ။ကျနော်တို့ရန်ကင်း၎လုံးတန်းရပ်ကွက်ကတော့ ချစ်စရာကောင်းပါတယ်။ကိုယ့် မရှိသူပေး၊သူ့မရှိကိုယ်ပေးနဲ့။ တဖြေးဖြေးနဲ့ အခြေအနေတွေကလဲ ငြိမ်သက်လာပါပြီ။ကာဖြူးကို နေဝင်မီးငြိမ်းကနေ ညကိုးနာရီအထိ ပေးလိုက်တယ်။ကျနော်အဖေလဲ ပုံမှန်ပြန်ပြီးတော့ [...]

ကျနော်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ ၂

By Daiwa - Last updated: Tuesday, November 22, 2011

  သံမံတလင်းမှာ ကြမ်းခင်းပြီးသွားတော့ ဆေးရုံမှာကလေးသွားမွေးတဲ့ ကျနော်အမေလဲ ညီမလေးနဲ့အတူ အိမ်ပြန်ရောက်လာပါပြီ။ ချစ်လူမိုက် အခွေမှာ ကြည်သာရီ ဆိုတဲ့ သီချင်းတပုဒ် ပါပါတယ်။အဲဒီသီချင်းရဲ့ မူလနာမည်က ရွှေအိမ်စည်ပါ။ထုံးစံအတိုင်း ဆင်ဆာမိပါတယ်။ကျနော်အဖေက ဘာပြောလဲဆိုတော့ ငါ့သီချင်းကို ငါပေးချင်တဲ့နာမည်မပေးရရင် ငါ့သမီးကိုအဲဒီနာမည်ပေးမယ်ကွာ တဲ့။ငါ့သမီးတော့ သူတို့ ဆင်ဆာဖြတ်လို့မရဘူးတဲ့ ဗျား။ဒီလိုနဲ့ ညီမလေးနာမည် ရွှေအိမ်စည် ဖြစ်လာခဲ့ပါတယ်။ ချစ်လူမိုက်အခွေထွက်ပြီးခါစလောက် ဖြစ်မယ်ထင်တယ်။Bass ဂစ်တာသမား ကိုဇာလျှန်း က ကျနော်အဖေကို international notes တွေ အိမ်မှာလာသင်ပေးပါတယ်။ကွေ့ကွေ့ကောက်ကောက်တွေကို မြေဖြူနဲ့ အခန်းတံခါးမှာ ရေးပြီးတော့။ကျနော်စိတ်ဝင်စားတာက 9v ဘက်ထရီ နဲ့ တွဲလိုက်ရင် တစ်တောက်၊တစ်တောက် နဲ့ အသံထွက်လာတဲ့စပီကာ၊ metronome လို့ခေါ်မှန်း ကြီးလာမှသိရပါတယ်။ အောင်မြင်လာပြီဆိုတော့ စာနယ်ဇင်းသမားတွေလဲ ဝင်ထွက်လာကြပါတယ်။အဲဒီထဲက ကျနော်မှတ်မိတာက ဦးဝင်းငြိမ်းနဲ့ [...]

ကျနော်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ

By Daiwa - Last updated: Tuesday, November 22, 2011

ကျနော်နာမည်ဒေဝပါ ။ ဒီလိုပြောလို့ ကျနော်ကို သိချင်မှသိပါမယ်။ ကျနော်အဖေနာမည်က စိုးလွင်လွင် (ခ) ပိုပိုပါ။ဟုတ်ပါတယ်၊ အဆိုတော်စိုးလွင်လွင်ပါ။ facebook ကကျနော် friend list ထဲမှာ ကျနော်ကိုသိပြီးသား သူငယ်ချင်း တွေလဲရှိပါတယ်။ ဒီစာကိုမသိသေးသူအစ်ကို၊အစ်မ၊ညီ၊ညီမ များအတွက် ရည်ညွန်းပါတယ်။ ကျနော်အဖေက အဆိုတော်မဖြစ်ခင် လေးဘီးကား taxi ဆွဲတယ်ဗျ။ ဒီအကြောင်းကိုသိတဲ့လူ နည်းမယ်ထင်တယ်။မဆလခေတ်ပေါ့ဗျာ။သူကားဆွဲကောင်းတဲ့ နေ့တွေဆိုရင် ကျနော်အတွက် ခေါက်ဆွဲကြော် တထုပ်အမြဲတမ်းဝယ်လာတတ်တယ်။အဲဒီ အချိန်ထဲက သူကသူ့ သူငယ်ချင်းတွေနဲ့ အားတဲ့ရက်ဆိုရင် တီးနေ၊မှုတ်နေပြီဗျ။အဲဒီလိုနေလာရင်းနဲ့ ဝါသနာပိုးက တားမရတော့ဘူးထင်ပါတယ်၊သူ့အမေကိုသူဆွဲနေတဲ့ လေးဘီးကား ရောင်းပြီးစီးရီးထုတ်မယ်ပူဆာပါလေရော။အဲဒီအချိန်မှာ ရန်ကင်းရပ်ကွက်ကလဲ ဂီတသမားတွေရဲ့ အောင်မြေကိုး။ဦးကိုင်ဇာတို့ကလဲ အောင်မြင်နေပြီလေ။ထူးဆန်းတာတခုက ကျနော်အဖေဖက်ကအမျိုးတွေဆီမှာ အဲဒီအချိန်တုံးကအနုပညာလိုက်စားသူ တယောက်မှမရှိဘူးဗျ။အမျိုးထဲမှာ ဝန်ထမ်းနဲ့ကုန်သည်တွေချည်းပဲ။ကျနော်အဖိုးကတရားရေးက၊သူတယောက်ထဲ တမိပေါက်၊တယောက်ထွန်းပေါ့ဗျာ။ အဲဒီလိုနဲ့ ၁၉၈၃\၈၄ ကြတော့ မင်းထက်သာတဲ့လူ စီးရီး [...]

Dee YinKwin Kho Win Hlet Par – Mee Mee Gal

By admin - Last updated: Tuesday, October 25, 2011

Dee YinKwin Kho Win Hlet Par – Mee Mee Gal Greetings. Welcome to Burmese MTV Channel. To keep receiving our new videos, Please subscribe our Channel either here or at http://www.BurmeseMTV.com We would like to share our music video from Myanmar (Formerly known as Burma) to all our fellow friends.We bought all these original contents [...]

Sate Kuu Nelt Yuu – L Loon War

By admin - Last updated: Sunday, May 22, 2011

Sate Kuu Nelt Yuu – L Loon War Greetings. Welcome to Burmese MTV Channel. To keep receiving our new videos, Please subscribe our Channel either here or at http://www.BurmeseMTV.com We would like to share our music video from Myanmar (Formerly known as Burma) to all our fellow friends. We bought all these original contents to [...]

LUX ON HER FOOT

By yelwinoo - Last updated: Saturday, September 4, 2010

This year’s academy award ceremony had produced an inimitable outcome with NO FEMALE award winners for each and every category. This is the first time in the history of Burmese academy. Experts predicted KHAING THIN KYI, SOE MYAT THUZAR and NANDAR HLAING for the best ACTRESS award. Ended up with no one holding the trophy. [...]

Happy New Year to BurmeseMTV visitors

By admin - Last updated: Saturday, April 17, 2010

We just want to wish you Happy New Year to all of our Burmese MTV visitors, and thank you for your support.

Get Adobe Flash player